ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ကျင်းပပြုလုပ်သည့်

အခမ်းအနားများ နှင့် ပွဲတော်များ


တန်ခူးလ

၂၀၀၉-ခုနှစ်မှစ၍ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် စေတီတော်မြတ်ကြီး၌ နှစ်သစ်မင်္ဂလာအန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲအခမ်းအနားအား နှစ်စဉ် ကျင်းပဆောင်ရွက်လျက်ရှိပါသည်။ ကမ္ဘာသူ ကမ္ဘာသားများနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ စေတီတော်ဂေါပကအဖွဲ့၏ ဒေသခံဩဝါဒါစရိယဆရာတော်ကြီးများက နေပြည်တော်ကောင်စီနယ်မြေအတွင်း ရဟတ်ယာဉ်ဖြင့် လှည့်လည်၍ နှစ်သစ်ဦး အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္စျာယ် တော်မူကြပြီး ပရိတ်ရေများ ဖျန်းပက်ကာ မေတ္တာပို့သကြသည့် နေ့ရက် တစ်ရက် ဖြစ်ပါသည်။ ၎င်းနေ့ရက်အနေဖြင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားရာနေ့တစ်နေ့ဖြစ်ပြီး မြန်မာသက္ကရာဇ်တစ်ခုမှ တစ်ခု သို့ ကူးပြောင်းသည့် နေ့ရက်ဖြစ်သဖြင့် ကုသိုလ်ကောင်းမှုများပြုလုပ်ကြသည့် ထုံးတမ်းစဉ်လာနေ့ရက်တစ်ရက်လည်း ဖြစ်ပါသည်။


ကဆုန်လ

၂၀၀၉-ခုနှစ်မှစ၍ ကဆုန်လပြည့်နေ့ နံနက်ပိုင်းတွင် ဘုရားရှင်အား ရည်မှန်း၍ ဃနာနို့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ညနေပိုင်းတွင် စေတီတော်မြောက်အရပ်ရှိ မဟာဗောဓိကုန်းတော်၌ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲအခမ်းအနားအား နှစ်စဉ် ကျင်းပဆောင်ရွက်လျက် ရှိပါသည်။ ကဆုန်လပြည့်နေ့သည် “ဗျာဒိတ်,ဖွား,မြင်,ဗောဓိပင်,စံဝင်နိဗ္ဗာန်နန်း” ဆိုသည်နှင့် အညီ ကဆုန်လပြည့်နေ့တွင် သုမေဓာရှင်ရသေ့အား ဘုရားဖြစ်မည်ဟု ဒီပင်္ကရာဘုရားရှင်၏ခြေတော်ရင်း၌နိယတဗျာဒိတ်တော် ခံယူတော်မူခဲ့ခြင်း၊ ဗျာဒိတ်တော်လာအတိုင်း ဘုရားလောင်းသိဒ္ဓတ္ထမင်းသားအား ဖွားမြင် တော်မူခဲ့ခြင်း၊ သဗ္ဗညုတဉာဏ်တော်ကိုရရှိပြီး ဘုရားပွင့်တော်မူခဲ့ခြင်း၊ မလ္လမင်းတို့၏ အင်ကြင်းရဂုံ၌ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူခဲ့ခြင်းဟူသော ဗုဒ္ဓနေ့များအားလုံးသည် ထူးထူးခြားခြားဖြစ်လောက်အောင် တိုက်ဆိုင်နေ ၍ နေ့ထူးနေ့မြတ်တစ်ခုအဖြစ် ပူဇော်အပ်သော ဂုဏ်ဒြပ်တို့ဖြင့် ကုံလုံ ပြည့်စုံသောနေ့တစ်နေ့ဖြစ်ပါသည်။ ကဆုန်လပြည့်နေ့တွင် ညောင်ရေ သွန်းလောင်းပူဇော်ခြင်းအနေဖြင့် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် သဗ္ဗညုတ ဉာဏ်တော်ရရှိခဲ့ရာ ဘုရားရှင်ပွင့်တော်မူရာ ပရိဘောဂစေတီ ဖြစ်သော မဟာဗောဓိညောင်ပင်တော်ကို ရည်မှန်း၍ မဟာဗောဓိညောင်ပင် ခြေရင်းတွင် နှစ်စဉ် ကဆုန်လပြည့်နေ့ ရောက်တိုင်း တစ်ကမ္ဘာလုံးရှိ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်း အေးငြိမ်းချမ်းသာစွာနေထိုင်ကြစေရေးတို့ကို ရည်ရွယ်၍ ကညောင်ရေသွန်းလောင်းကြခြင်းဖြစ်သည်။ ၁၃၈၅-ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ ဗုဒ္ဓနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲကျင်းပခြင်း၊ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲကျင်းပခြင်း၊ အများပြည်သူများမှသာသနာ့အလံများ၊ ဆီမီးတိုင်များ ကိုင်ဆောင်၍ လည်းကောင်း၊ ဗျာဒိတ်တော်ခံယူတော်မူခြင်း၊ ဖွားမြင်တော်မူခြင်း၊ ဘုရားပွင့်တော်မူခြင်း၊ မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူခြင်း ဟူသော အလှပြယာဉ်များဖြင့်ခမ်းနားစွာလှည့်လည်ပူဇော်ခြင်း၊ ဓမ္မသဘင် ဆင်ယင် ကျင်းပခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။


ဝါဆိုလ

၂၀၀၉-ခုနှစ်မှစ၍ ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့) နံနက်ပိုင်းတွင် စေတီတော်မြတ်ကြီး၌ ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနား များ ကျင်းပခြင်းနှင့် ညနေပိုင်းတွင် ဆီမီးထွွန်းညှိပူဇော်ခြင်းတို့အား နှစ်စဉ် ကျင်းပဆောင်ရွက်လျက်ရှိပါသည်။ ဝါဆိုလပြည့်နေ့၏ အနှစ်သာရမှာ ဓမ္မစင်္ကြာတရားဦးဖြစ်သည်။ “သန္ဓေ တောထွက် ဓမ္မစက် တန်ခိုးပြာဋိဟာ” ဟူသော ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ထူးမြတ်သော ဖြစ်စဉ်လေးမျိုးသည် ဤဝါဆိုလပြည့်နေ့တွင် ဖြစ်ပေါ်ခဲ့ပါသည်။ သိဒ္ဓတ္ထမင်းသား သည် ဥရုဝေလတော နေရဥ္ဇရာ မြစ်ကမ်းပါးအနီး မဟာဗောဓိပင်ရင်း၌ သဗ္ဗညုတ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ဣသိပတန မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာတရားဦးကို ခုနှစ်ရက်တိုင်တိုင် ဟောတော် မူခဲ့သောကြောင့် ထိုနေ့အား ဓမ္မစကြာအခါတော်နေ့အဖြစ် သတ်မှတ် ခဲ့ပါသည်။ ဝါဆိုလတွင် ရဟန်းတော်တို့ ဝါဆို-ဝါကပ်သောလဖြစ်၍ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်တို့ကို အာရုံပြုပြီး ဝါဆိုတော်မူကြ သော ရဟန်းတို့အား ဆည်းကပ်ပူဇော်ခြင်းဖြင့် သံသရာဝဋ်ဆင်းရဲတို့မှ လွတ်မြောက်နိုင်ရေးအတွက် ဝိပဿနာတရားများ အားထုတ်ကြပါသည်။


သီတင်းကျွတ်လ

၂၀၀၉-ခုနှစ်မှစ၍ သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) နံနက် ပိုင်းတွင် စေတီတော်မြတ်ကြီး၌ အဘိဓမ္မာအခါတော်နေ့ အကြောင်း လျှောက်တင်သံများ ရွတ်ဖတ်ပူဇော်ခြင်းနှင့် အဘိဓမ္မာအခါတော်နေ့အခမ်း အနားကျင်းပခြင်း၊ ညနေပိုင်းတွင် ဆီမီးထွန်းညှိပူဇော်ခြင်းတို့အား နှစ်စဉ် ကျင်းပဆောင်ရွက်လျက်ရှိပါသည်။ ဝါဆိုလပြည့်နေ့ညနေပိုင်းတွင် တာဝတိံသာနတ်ပြည်သို့ ကြွချီတော်မူပြီးနောက် မယ်တော်မိနတ်သား အပါအဝင်၊ နတ်ဗြဟ္မာအပေါင်းတို့အား တစ်နေ့နှင့်တစ်ရက်(လူ့သက် တမ်း၌ ဝါတွင်းသုံးလပတ်လုံး) အဘိဓမ္မာတရားတော်အား နေ့၊ ညမစဲ ဟောတော်မူပြီး သီတင်းကျွတ်လပြည့်နေ့၌ တရားစခန်းသိမ်းခဲ့လေသည်။ ထို့ကြောင့် နတ်ပြည်မှ လူ့ပြည်ဖြစ်သော သင်္ကဿနဂိုရ်မြို့သို့ ပြန်လည် ဆင်းသက်ကြွချီတော်မူရာတွင် လူ့ပြည်မှမင်းနှင့် ပရိသတ်အပေါင်းတို့က မြတ်စွာဘုရားရှင်ကို ဆီမီးနံ့သာများဖြင့် ထွန်းညှိပူဇော်ကြိုဆိုခဲ့ကြ သည့် အတွက် ထိုနေ့အား “အဘိဓမ္မာအခါအတော်နေ့” ဟု သတ်မှတ်ခေါ်ဆိုခဲ့ ကြခြင်းဖြစ်ပါသည်။ သီတင်းကျွတ်လပြည့်နေ့တွင် မိမိတို့ထက် ကြီးမြင့် သော သက်ကြီးရွယ်ကြီးများ၊ မိဘဘိုးဘွားများအား အပြစ်မှခွင့်လွှတ် စေကြောင်း ဝန်ချတောင်းပန်၍ကန်တော့ကြသည်မှာ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ သီတင်းကျွတ်ပွဲတော်၏ အနှစ်သာရပင်ဖြစ်ပါသည်။


တန်ဆောင်မုန်းလ

၂၀၀၉-ခုနှစ်မှစ၍ တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့) နံနက်ပိုင်းတွင် စေတီတော်မြတ်ကြီး၌ တန်ဆောင်တိုင် ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲအခမ်းအနားများကျင်းပခြင်း နှင့် ညနေပိုင်းတွင် ဆီမီးထွန်းညှိ ပူဇော်ခြင်းတို့အား နှစ်စဉ် ကျင်းပဆောင်ရွက်လျက်ရှိပါသည်။ တန်ဆောင်မုန်း လပြည့်နေ့သည် မြတ်စွာဘုရားရှင်က အဇာတသတ်မင်းကြီး အမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော်ခေါ် ရဟန်းပြုရ အကျိုးပြတရားတော်ကို ဟောကြားတော်မူခဲ့သော နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ အဆိုပါနေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော် နှင့် ပရိတ်တရားတော်များ ရွတ်ပွား ပူဇော်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ ကထိန်လျာသင်္ကန်း ကပ်လှူ ခြင်း၊ ကထိန်ခင်းခြင်း၊ ကုသိုလ်ဒါနသီလပွားများခြင်း စသည့် သူတော် ကောင်း တရားများကို ကြိုးစားအားထုတ် ဆောင်ရွက်ကြလေ့ရှိပါသည်။


တပေါင်းလ

၂၀၀၉-ခုနှစ်မှစ၍ နှစ်စဉ် တပေါင်းလတွင် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နိုင်ငံတော်အဆင့် သတ်မှတ်ကာ စီမံချက်များချမှတ်ပြီး စေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ဩဝါဒတော်များခံ  ယူခြင်း၊ လပြည့်နေ့ နံနက်ပိုင်းတွင် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပခြင်း၊ နေ့လယ်ပိုင်းတွင် ဆရာတော် သံဃာတော်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း၊ ညနေပိုင်းတွင် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ဆီမီးထွန်းညှိပူဇော်ခြင်းတို့အား  နှစ်စဉ် ကျင်းပဆောင်ရွက်လျက်ရှိပါ သည်။ တပေါင်းလပြည့်နေ့သည် မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့ ဖြစ်ပါသည်။ ကာဠုဒါယီ မထေရ်က မြတ်ဗုဒ္ဓကို ကပိလဝတ် ရွှေမြို့တော် သို့ ကြွရောက်တော်မူပါရန် လျှောက်ထားသည့်နေ့သည် တပေါင်း လပြည့်နေ့ဖြစ်ပါသည်။


ဆယ့်နှစ်လရာသီ အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ

မြန်မာလ(၁၂)လတွင် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲများအား လစဉ် ကျင်းပဆောင်ရွက်လျက်ရှိပါသည်။  ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ ဆောင်ရွက်ရခြင်းအနေဖြင့် ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင် အဘိဓမ္မာ (၇)ကျမ်းအား ဆင်ခြင်သုံးသပ်ရာတွင် ပထမ(၆)ကျမ်းပြီးသည်အထိ အလွန်ထူးခြားမှုမရှိဘဲ (၇)ကျမ်းမြောက် ပဋ္ဌာန်းကျမ်းကြီးကို ဆင်ခြင် သုံးသပ်မှသာ ရောင်ခြည်တော်များ ထွက်ပေါ်ကွန့်မြူးခဲ့ခြင်း၊ ပဋ္ဌာန်း ကျမ်းသည် အလွန်ထူးခြား ကြီးကျယ်သော အနန္တနယတရားတော် ဖြစ်ခြင်း၊ သဗ္ဗဒါနံ၊ ဓမ္မဒါနံ၊ ဇိနာတိ အလှူဒါနဟူသမျှတွင် တရားအလှူ သည် အမြတ်ဆုံးဖြစ်သော်လည်း ပဋ္ဌာန်းတရားတော်က သာလွန် မွန်မြတ်ခြင်း၊ မွန်မြတ်သောတရားတော်ကို လှူဒါန်းရသဖြင့် လှူဒါန်းသူ ပုဂ္ဂိုလ်များအတွက် အကျိုးပေးထက်သန်စွာ ရရှိခံစားရခြင်း၊ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ရေး အသုံးပြုနိုင်ရန် အလှူငွေများ ရရှိစေခြင်း၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပေးကြသည့် သံဃာတော်များအတွက် အထောက်အပံ့နှင့် ပစ္စည်းလေးပါးများ ရရှိပြီး ပရိယတ္တိ သာသနာ့အကျိုး အတွက် အသုံးပြုနိုင်ခြင်းအပြင် သာသနာတော်ကြာရှည်စွာ တည်တံ့ စေခြင်းတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။



Notice: ob_end_flush(): Failed to send buffer of zlib output compression (1) in /home/zcjxpszw/public_html/uppatasantipagoda.org.mm/wp-includes/functions.php on line 5471

Notice: ob_end_flush(): Failed to send buffer of zlib output compression (1) in /home/zcjxpszw/public_html/uppatasantipagoda.org.mm/wp-includes/functions.php on line 5471