တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅)မှ ဗိုလ်လောင်း များ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် သူရဲကောင်းဗိမာန် (နေပြည်တော်)တို့အား  သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော်၊ မတ်-၁၃

တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅)မှ ဗိုလ်လောင်းများသည် နေပြည်တော်ကောင်စီနယ်မြေရှိ ဉပ္ပါတသန္တိစေတီတော် မြတ်ကြီးနှင့် သူရဲကောင်းဗိမာန်(နေပြည်တော်)တို့သို့ ယနေ့တွင် သွားရောက် လေ့လာကြသည်။

ဦးစွာ လေ့လာရေးအဖွဲ့သည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ ရောက်ရှိကြ ပြီး စေတီတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်ပူဇော်ကြပြီး စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော် ကြည်ညိုကြသည်။

ထို့နောက် လေ့လာရေးအဖွဲ့သည် သူရဲကောင်းဗိမာန်(နေပြည်တော်)သို့ ရောက်ရှိကြပြီး ကျဆုံးလေပြီးသော တပ်မတော်သားများအား ဂါရဝပြုအလေးပြု ကြပြီး ဗိမာန်အတွင်းလှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကာ အမှတ်တရစုပေါင်း ဓာတ်ပုံများရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။


Notice: ob_end_flush(): Failed to send buffer of zlib output compression (1) in /home/zcjxpszw/public_html/uppatasantipagoda.org.mm/wp-includes/functions.php on line 5493

Notice: ob_end_flush(): Failed to send buffer of zlib output compression (1) in /home/zcjxpszw/public_html/uppatasantipagoda.org.mm/wp-includes/functions.php on line 5493