ပြတိုက် – ပိဋကတ်တိုက် – မော်ကွန်းတိုက်



ပြတိုက်-ပိဋကတ်တိုက်-မော်ကွန်းတိုက်

၂၀၀၈ – ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး အလျား ၂၅၁ ပေ ၄ လက်မ X အနံ ၇၉ ပေ ၈ လက်မ X အမြင့် ၃၂ ပေ ကျယ်ဝန်း၍ စေတီတော်တောင်ဘက်အရပ် တွင် တည်ရှိပါသည်။ နှစ်ထပ်အဆောက်အဦ ဖြစ်ပြီး ကြမ်းခင်းဧရိယာမှာ ၃၈၃၈၄ စတုရန်းပေဖြစ်ပါသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ယခု-ငြိမ်း) မှ ဤပြတိုက် သည် “သာသနာရေးဆိုင်ရာ စာကြည့်တိုက်တစ်ခုဖြစ်ရမည်။ ဤဘုရားကြီး တည်ဆောက်ခဲ့သည့်သမိုင်းကို ပြကွက်တစ်ခုအဖြစ် တည်ရှိရမည်။ ဘုရားပွင့်တော် မူရာမှစ၍ ဘုရားဖြစ်တော်မူပြီး ဗုဒ္ဓဘာသာထွန်းကားလာပုံ ပြကွက်တစ်ခုရှိရမည်။ မြန်မာတစ်နိုင်ငံလုံးကို ခရီးသွားစရာမလိုဘဲ မြန်မာတစ်နိုင်ငံလုံးရှိ တန်ခိုးကြီးဘုရား များအား ဤနေရာတစ်ခုတည်းမှာပင် ဖူးမြော်နိုင်ရမည်။” ဟု လမ်းညွှန်ထားချက်နှင့် အညီ ပြတိုက်၊ စာကြည့်တိုက်၊ မော်ကွန်းတိုက် တို့အား ခင်းကျင်းပြင်ဆင်ထားပါ သည်။ ပြတိုက်တွင် စေတီတော်တည်ဆောက်စဉ်ကပြုစုခဲ့သော ပုံစံငယ်များ၊ အများ ပြည်သူလှူဒါန်းထားသော ဗုဒ္ဓရုပ်ပွားတော်များ၊ ဓာတ်တော်များ၊ စေတီတော် တည်ဆောက်ရေးမှတ်တမ်းဓာတ်ပုံများ၊ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် တန်ခိုးကြီးဘုရားများ၊ သံဝေဇနိယလေးဌာန ဗုဒ္ဓဝင်မှတ်တမ်းဓာတ်ပုံများကို နောက်ဆုံးပေါ် Light Box များဖြင့် ခင်းကျင်းပြသထားပါသည်။ ပြတိုက်-ပိဋကတ် တိုက်-မော်ကွန်းတိုက် အလှူရှင်မှာ ဦးဇော်ဇော်(Max Myanmar)နှင့် ဦးအောင်သက်မန်း (ဧရာရွှေဝါကုမ္ပဏီ)တို့ဖြစ်ပါသည်။


Notice: ob_end_flush(): Failed to send buffer of zlib output compression (1) in /home/zcjxpszw/public_html/uppatasantipagoda.org.mm/wp-includes/functions.php on line 5481

Notice: ob_end_flush(): Failed to send buffer of zlib output compression (1) in /home/zcjxpszw/public_html/uppatasantipagoda.org.mm/wp-includes/functions.php on line 5481