အောင်မြေ၊ အောင်မောင်း၊ ခေါင်းလောင်းနှင့် တံခွန်တိုင်တော်


အောင်မြေ

အောင်မြေ
အောင်မြေ

စေတီတော်ရင်ပြင်အနောက်မြောက်ထောင့်တွင် ပေ ၅၀ ပတ်လည်ဖြင့် တည်ရှိပါသည်။


ရွှေကံကူဂုဏ်ရည်အောင်မောင်းတော်


ရွှေကံကူဂုဏ်ရည်အောင်မောင်းတော်

စေတီတော်ရင်ပြင် အရှေ့တောင်ထောင့်အရပ်တွင် အလေးချိန် ပိဿာ(၃၀) အချင်း ၅ ပေရှိ ကြေးမောင်းတော်အား ၂၂ – ၃ – ၂၀၂၂ ရက်နေ့တွင် တပ်ဆင်ခဲ့ပါသည်။ အလှူရှင်မှာ စဉ့်ကိုင်မြို့ ရွှေကံကူသာသနာပြုမိသားစု၊ မန္တလေးမြို့၊သဇင်မုန့်တိုက် မိသားစုနှင့် သီရိသုဓမ္မမဏိဇောတဓရ ဦးကျော်ဇေယျ Diamond Wall Construction Co.,Ltd နေပြည်တော်မိသားစုတို့မှ ဖြစ်ပါသည်။


ခေါင်းလောင်း

ခေါင်းလောင်းတော်
ခေါင်းလောင်းတော်

စေတီတော်ရင်ပြင်အရှေ့မြောက်အရပ်တွင် ခေါင်းလောင်းတော် (၂)စင် တည်ရှိပါသည်။


မဟာတံခွန်တိုင်တော်

မဟာတံခွန်တိုင်တော်
မဟာတံခွန်တိုင်တော်

စေတီတော်ရင်ပြင် အရှေ့တောင်ထောင့်တွင် အမြင့် ၁၀၈ ပေရှိ မဟာတံခွန် တိုင်တော်၊ အမြင့် ၁၅ ပေရှိ ဟင်္သာ ၊ အမြင့် ၇၂ ပေ အဝ ၂ ပေ ရှိ တံခွန်လုံးလေးလုံး၊ အမြင့် ၁၈ ပေရှိ နတ်မင်းကြီးလေးပါး ကို တည်ဆောက်ထားပါသည်။ မဟာတံခွန်တိုင် တော်သည် ကိလေသာနှင့် မာရ်ငါးပါးကို အောင်မြင်ခြင်းအဓိပ္ပာယ်ကို ဖော်ညွှန်းပါ သည်။


Notice: ob_end_flush(): Failed to send buffer of zlib output compression (1) in /home/zcjxpszw/public_html/uppatasantipagoda.org.mm/wp-includes/functions.php on line 5481

Notice: ob_end_flush(): Failed to send buffer of zlib output compression (1) in /home/zcjxpszw/public_html/uppatasantipagoda.org.mm/wp-includes/functions.php on line 5481