စေတိယပါလစံကျောင်းတော်



စေတိယပါလစံကျောင်းတော်

၂၀၀၆-ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ဆောက်လုပ်ခဲ့ပြီး ပန္နက်တော်တင် တွင်းတော်ဝန်းမင်္ဂလာအခမ်းအနားအား ၁၂ – ၁၁-၂၀၀၆ရက်နေ့တွင်လည်းကောင်း၊ အုတ်မြစ်တော်စီခြင်းမင်္ဂလာအခမ်းအနားအား ၄-၁၂-၂၀၀၆ရက်နေ့တွင်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။ အကျယ်အဝန်းမှာ စုစုပေါင်းအလျား ၁၁၇ ပေ X စုစုပေါင်းအနံ ၅၀ ပေ X စုစုပေါင်းအမြင့် ၁၅ ပေ ဖြစ်ပြီး ဆွမ်းချက်ဆောင်မှာ အလျား ၆၀ ပေ X အနံ ၄၂ ပေ X အမြင့် ၁၅ ပေ ဘုံအဆင့် ၃ ဆင့်နှင့် ကြမ်းခင်းဧရိယာမှာ ၆၈၅၀ စတုရန်းပေ ဖြစ်ပြီး အရှေ့တောင်အရပ်တွင် တည်ရှိပါသည်။  စေတီတော်ကြီးအား စောင့်ရှောက် သည့် စေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများ အလှည့်ကျ သီတင်းသုံးနိုင်ရန် ဆောက်လုပ်ထားခြင်းဖြစ်ပါသည်။ အလှူရှင်မှာ ဦးစိုးမြင့်(ငွေဆင် ကုမ္ပဏီ)မှ လှူဒါန်းထားခြင်းဖြစ်ပါသည်။


Notice: ob_end_flush(): Failed to send buffer of zlib output compression (1) in /home/zcjxpszw/public_html/uppatasantipagoda.org.mm/wp-includes/functions.php on line 5471

Notice: ob_end_flush(): Failed to send buffer of zlib output compression (1) in /home/zcjxpszw/public_html/uppatasantipagoda.org.mm/wp-includes/functions.php on line 5471