စေတီတော်အရှေ့ဘက်စောင်းတန်းအောက်ခြေတွင် ဆင်ဖြူတော်ရတနာ ဥယျာဉ်၌ ဆင်ဖြူတော်များနားနေရန်အတွက် ဆင်ဖြူတော်ဆောင် (၂)ဆောင် ဆောက်လုပ်ထားပါသည်။
ဆင်ဖြူတော်ရတနာ ဘဒ္ဒဝတီ(အမ) အား ရခိုင်ပြည်နယ် မောင်တောမြို့ တွင် ၂၆ – ၆ -၂၀၁၀ရက်နေ့၌တွေ့ရှိ၍ နေပြည်တော်တွင်ထားရှိရန် မောင်တောမြို့-ကျောက်ဖြူမြို့-နေပြည်တော် သို့ သင်္ဘော၊ မော်တော်ယာဉ်များဖြင့် အဆင့်ဆင့် သယ်ဆောင်၍ ၉ – ၈ – ၂၀၁၀ရက်နေ့ (၁၃၄၄)နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးသို့ ရောက်ရှိကာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေး ကောင်စီ အတွင်းရေးမှူး(၁)၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဝန်ကြီးများ မှ မင်္ဂလာ(၇)မျိုးဖြင့် ကြိုဆိုခဲ့ကြပါသည်။
ဆင်ဖြူတော်ရတနာ နန္ဒဝတီ(အမ)အား ရခိုင်ပြည်နယ် မောင်တောမြို့နယ် တွင် ၂၃-၉-၂၀၁၀ရက်နေ့၌ အဖော်ဆင်မဲ(အမ)အငယ်တစ်ကောင်နှင့်အတူ တွေ့ရှိ၍ နေပြည်တော်၌ထားရှိရန် မောင်တောမြို့-ကျောက်ဖြူမြို့-နေပြည်တော်သို့ သင်္ဘော၊ မော်တော်ယာဉ်များဖြင့် အဆင့်ဆင့်သယ်ဆောင်၍ ၂၁ – ၁၀-၂၀၁၀ရက်နေ့ (၁၅၃၀) နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ ရောက်ရှိကာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီးသီဟသူရ တင်အောင်မြင့်ဦး(ယခု-ငြိမ်း)၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဝန်ကြီး များမှ မင်္ဂလာ(၇)မျိုးဖြင့် ကြိုဆိုခဲ့ကြပါသည်။
ဆင်ဖြူတော်ရတနာ ငွေဆဒ္ဒန်(အထီး)အား ရခိုင်ပြည်နယ် မောင်တောမြို့၊ ကြိမ်ချောင်းကျေးရွာအရှေ့ဘက်တွင် ၁၅-၁၀-၂၀၁၁ရက်နေ့၌တွေ့ရှိ၍ ၂၀-၁၁-၂၀၁၁ ရက်နေ့တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ ရောက်ရှိခဲ့ပါသည်။
ဆင်ဖြူတော်ရတနာ ဟေမဝတီ(အမ) အား ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့နယ်ခွဲ၊ အလယ်ကျေးရွာအုပ်စုအနီးတွင် ၂၅- ၁၀ -၂၀၁၁ ရက်နေ့၌ တွေ့ရှိ၍ ၂၀ – ၁၁ -၂၀၁၁ရက်နေ့တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီးသို့ ရောက်ရှိခဲ့ပါသည်။
ဆင်ဖြူတော်ရတနာ ဇာတကလျာ(အမ)အား ဆင်မကြီးဘဒ္ဒဝတီ မှ ၂၇ – ၁၁ – ၂၀၁၁ရက်နေ့တွင် စေတီဝတ္ထုကံမြေအတွင်းရှိ ဆင်ဖြူတော်ဆောင်၌ မွေးဖွားပါသည်။
ဆင်ဖြူတော်ရတနာ သီရိမာလာ(အမ)အား ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့နယ်၊ အကွက်အမှတ်(၈)၊ ရေသိုးကြီးချောင်းလက်တက်၊ သစ်ပုတ် ချောင်းဖျားတွင် ၂၇ – ၂ – ၂၀၁၅ရက်နေ့၌ တွေ့ရှိ၍ ၆ – ၄ – ၂၀၁၅ ရက်နေ့တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ ရောက်ရှိခဲ့ပါသည်။


ဆင်ဖြူတော်ရတနာ အထီးကလေးအား ရခိုင်ပြည်နယ် တောင်ကုတ်မြို့ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းရှိ ဆင်မကြီးဇာနန်းလှမှ ၂၃ – ၇ – ၂၀၂၂ရက်နေ့ နံနက် (၀၆၃၀) နာရီအချိန်တွင် မွေးဖွားခဲ့ပြီး ၂၇ – ၁၀ – ၂၀၂၂ရက်နေ့၌ နေပြည်တော်သို့ ရောက်ရှိခဲ့ပါသည်။ ၃၀-၁၀-၂၀၂၂ရက်နေ့တွင် ဘွဲ့နာမံတော်အမည်ပေး ကင်ပွန်းတပ် နှင့် အဆောင်တော်တက်မင်္ဂလာအခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့ရာ တိုင်းပြည်က ချစ်ခင်မြတ်နိုး၍ နိုင်ငံတော်၏ သာယာဝပြော ပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းပေးမည့် ဆင်ဖြူတော်ရတနာ “ရဋ္ဌနန္ဒက”ဟု နာမံတော်အမည်ပေးကင်ပွန်း တပ်ခဲ့ပါသည်။
ဆင်ဖြူတော်များအား ကြိုဆိုရာတွင် အဘိနန္ဒက (ကြိုဆိုခြင်း)မင်္ဂလာ၊ ဂေဟပဝေသန(အိမ်တက်)မင်္ဂလာ၊ အနန္တရာယိက(အန္တရာယ်ကင်း)မင်္ဂလာ၊ ဘတ္တဘုဉ္စန (အစာခွံ့)မင်္ဂလာ၊ ရဝိန္ဒုဒဿန(နေလပြ)မင်္ဂလာ၊ နာမကရဏ(အမည်မှည့်)မင်္ဂလာ၊ ပဏ္ဏာသကရဏ(လက်ဆောင်လက်ဖွဲ့)ပေးအပ်ခြင်းမင်္ဂလာ စသည့် မင်္ဂလာ(၇)မျိုး