သာသနာ့မဟာဗိမာန်တော်



သာသနာ့မဟာဗိမာန်တော်

၂၀၀၆-ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး အလျား ၄၃၀ ပေ X အနံ ၃၅၆ ပေ X အမြင့် ၁၉ ပေ ၆ လက်မ နှင့် ကြမ်းခင်းဧရိယာမှာ ၇၅၀၉၆ စတုရန်းပေဖြစ်၍ စေတီတော်တောင်ဘက်အရပ်တွင် တည်ရှိပါသည်။ ခန်းမအနေဖြင့် အလျား ၂၀၀ ပေ X အနံ ၁၀၀ ပေ ရှိပြီး ဘုံအဆင့် ၅-ဆင့်အထိ အမြင့်အနေဖြင့် ၉၂ ပေရှိပါသည်။ နိုင်ငံတော်မှ ဦးစီးကျင်းပပြုလုပ်သော သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်  လှူဒါန်းပွဲအခမ်းအနား၊ နိုင်ငံတော်အကြီးအကဲနှင့် မိသားစုအမှူးပြုသော ဆွမ်း ဆက်ကပ်လှူဒါန်းပွဲ၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ၊ ကထိန်လျာသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားများနှင့် တရားပွဲများကို ကျင်းပပါသည်။ ဗိမာန်တော်အတွင်း၌ ဧည့်ပရိသတ် ၁၀၀၀ ဦး ဝင်ဆံ့ပါသည်။ သာသနာ့မဟာဗိမာန်တော်၏ အလှူရှင်မှာ ဦးတေဇ(ထူးထရေးဒင်းကုမ္ပဏီ)ဖြစ်ပါသည်။


Notice: ob_end_flush(): Failed to send buffer of zlib output compression (1) in /home/zcjxpszw/public_html/uppatasantipagoda.org.mm/wp-includes/functions.php on line 5471

Notice: ob_end_flush(): Failed to send buffer of zlib output compression (1) in /home/zcjxpszw/public_html/uppatasantipagoda.org.mm/wp-includes/functions.php on line 5471