” သိဒ္ဓမ်။ ဝန္ဒေ ဗုဒ္ဓဉ္စ ဥပ္ပါတ – သန္တီတိ စေတိယံ ဝရံ။”
” မောဒံ လဘန္တု ရာဇာနော၊ သုသုခံ စ သရဋ္ဌိကာ။” | ||
သိဒ္ဓမ် | – | ကြံစည်တိုင်းပေါက် လိုတိုင်းရောက်၍ ပြီးမြောက် အောင်မြင် ပါစေသတည်း။ |
မယံ | – | ဥပ္ပါတသန္တိစေတီ မွေသရီကို ယုံကြည်ညွတ်တွား ကိုးကွယ်သွားဖို့ တရားအသိပေါ် ဘုရားတပည့်တော်တို့သည်။ |
ဗုဒ္ဓံစ | – | သစ္စာလေးရပ် တရားမြတ်ကို ပိုင်းဖြတ်ထင်ထင် သိမြင်ပေတတ် ဘုရားရှင်ကိုယ်တော်မြတ်ကိုလည်းကောင်း။ |
ဥပ္ပါတသန္တိတိ စေတိယံ ဝရံ စ | – | ရာဇဌာနီ မြန့်နေပြည်၌ ယုံကြည်ညွတ်တွား ကိုးကွယ်သွားဖို့ ကြိုးစားတည်ဖော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးကိုလည်းကောင်း။ |
ဝန္ဒေ = ဝန္ဒာမ | – | ဦးတနှိမ်နှိမ် ထူးမနိံဖြင့် ကြိမ်ကြိမ်ညွှတ်လျှိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ကြပါကုန်၏ ဘုရား။ |
ရာဇာနော | – | သာသနာရေး ဘာသာရေးအတွက် မနှေးဆောင်တည် သဒ္ဓါညီသည့် ဂုဏ်ရည်တင့်ဟပ် မင်းကောင်းမင်းမြတ်တို့သည် လည်းကောင်း။ |
သရဋ္ဌိကာ | – | စေတနာတူ သဒ္ဓါဖြူသည့် ပြည်သူပြည်သား လူအများတို့သည် လည်းကောင်း။ |
သုသုခံ | – | သဒ္ဓါရွှန်းဖိတ် မော်ကွန်းဟိတ်ကြောင့် ကိုယ်စိတ်နှစ်ဖြာ လိုဣစ္ဆာ နှင့် ပြည့်ကာ တင့်ဟပ် ချမ်းသာစစ် ချမ်းသာမြတ်ကိုလည်းကောင်း။ |
မောဒံ စ | – | ကြည်သာလျှမ်းတောက် အောင်ခန်းရောက်သဖြင့် ဝမ်းမြောက် သွင်ဆန်း စိတ်ရွှင်လန်းခြင်းကိုလည်းကောင်း။ |
လဘန္တု | – | မဟာပုည အဟုန်ရလျက် ပြည့်ဝစုံထွေ ရရှိနိုင်ကြပါစေကုန် သတည်း။ |
ဝဏ္ဏကျော်ထင် ဦးသူရ
(မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဓမ္မာစရိယသုံးဘွဲ့ရ၊ ကျော်လေးကျော်)
ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း)၊ သာသနာရေးဦးစီးဌာန
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန