ကျောက်စိမ်းဗုဒ္ဓရုပ်ပွားဆင်းတုတော် (၄)ဆူ



ကျောက်စိမ်းဗုဒ္ဓရုပ်ပွားဆင်းတုတော်

စေတီတော်လိုဏ်အတွင်း၌ မြန်မာနိုင်ငံ၏ သဃံဇာတဖြစ်သော မြန်မာ့ အဖိုးတန် ကျောက်စိမ်းရတနာများဖြင့် ထုလုပ်ထားသော ဉာဏ်တော်အမြင့် ၃ ပေ ၂ လက်မရှိ ကျောက်စိမ်းဗုဒ္ဓရုပ်ပွား ဆင်းတုတော် (၄)ဆူ (အရှေ့အရပ်တွင် – မဟာ မဏိမယဂေါတမဗုဒ္ဓပဋိမာ၊ တောင်အရပ်တွင် – မဟာမဏိမယကကုသန္ဓဗုဒ္ဓပဋိမာ၊ အနောက်အရပ်တွင် – မဟာမဏိမယကောဏာဂမနဗုဒ္ဓပဋိမာ၊ မြောက်အရပ်တွင် – မဟာမဏိမယကဿပဗုဒ္ဓပဋိမာ) ထားရှိပူဇော်ထားသောကြောင့် မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် စံနေတော်မူသော “ဂန္ဓကုဋီတိုက်ကျောင်း” ဟု ခေါ်တွင်ပါသည်။


Notice: ob_end_flush(): Failed to send buffer of zlib output compression (1) in /home/zcjxpszw/public_html/uppatasantipagoda.org.mm/wp-includes/functions.php on line 5471

Notice: ob_end_flush(): Failed to send buffer of zlib output compression (1) in /home/zcjxpszw/public_html/uppatasantipagoda.org.mm/wp-includes/functions.php on line 5471