၂၃- ၆ -၂၀၁၃ ရက်၊ တနင်္ဂနွေနေ့တွင် စေတီတော်လိုဏ်အတွင်း အနောက်တောင်ထောင့်၌ ပြောင်းရွှေ့ပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပဆောင်ရွက်ပြီး ပူဇော်ထားရှိပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ဗုဒ္ဓမြတ်စွယ်တော်ပွားနှင့် ရတနာရွှေကျောင်းဆောင် ပေးအပ်လှူဒါန်းပွဲ၊ ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ပွဲကို ၂၄- ၆-၂၀၁၃ရက်၊ တနင်္လာနေ့တွင် ကျင်းပခဲ့ပြီး ယခုအခါ စေတီတော်လိုဏ်အတွင်း အရှေ့မြောက်ထောင့်အရပ်၌ ထားရှိပူဇော်ထားပါသည်။