မဟာဆုတောင်းပြည့်ပန်းပေါင်းဘုရားကြီး


ဗောဓိတစ်ထောင်ဆရာတော်ဘုရားကြီးကိုယ်တိုင် တောင့်တရခဲ့သော နတ်ပန်းပွင့်၊ နတ်ပန်းမှုန်များဖြင့် မွန်မွန်မြတ်မြတ်မွမ်းမံကာ ကြပ်မတ်ထုလုပ်ပူဇော် ထားခဲ့ပါသည်။ ဘုရားကြီးအား ကျောင်းတော်ဘုံခုနစ်ဆင့်၊ ရှစ်ထောင့်ပြာသာဒ်၊ ဂန္ဓကုဋိတိုက်ကို ၅၆ ပေ ပတ်လည် အဋ္ဌဂံ ပုံစံ ဆောက်လုပ်ထားပါသည်။ ဘုရားကြီး၏ ဉာဏ်တော်အမြင့်မှာ ၈ ပေ ၀.၇၅ လက်မရှိပါသည်။ ဆင်းတုတော်ကြီးသည် ပန်းပေါင်းဘုရားဖြစ်ခြင်းကြောင့် ရွှေချခြင်းကုသိုလ်များပြုလုပ်ပါက ကွဲအက်ပျက်စီး နိုင်၍ အများပြည်သူများ ရွှေမချနိုင်စေရန်အတွက် ၁၅ ပေ X ၂၅ ပေ (၁၂ မီလီမီတာ အထူ)ရှိ မှန်ချပ်ကြီးများ ကာရံထားသော ဂန္ဓကုဋိတိုက်အတွင်း၌ စေတီတော်ရင်ပြင် အရှေ့မြောက်ထောင့်အရပ်တွင် ကိုးကွယ်ပူဇော်ထားပါသည်။


Notice: ob_end_flush(): Failed to send buffer of zlib output compression (1) in /home/zcjxpszw/public_html/uppatasantipagoda.org.mm/wp-includes/functions.php on line 5471

Notice: ob_end_flush(): Failed to send buffer of zlib output compression (1) in /home/zcjxpszw/public_html/uppatasantipagoda.org.mm/wp-includes/functions.php on line 5471