မဟာဗောဓိ(၂၈)ပင်ဥယျာဉ်တော်အနီး၌ ဗုဒ္ဓခြေတော်ရာသိရီပါဒစေတီ တော်အတွင်း ခြေတော်ရာ၊ စက်တော်ရာ၊ ပါဒစေတီတော်များနှင့် ဆက်စပ်သမျှသော သာသနာ့ဗဟုသုတအဖုံဖုံ ပြည့်ပြည့်စုံစုံ ပြသနိုင်ရန် ရည်ရွယ်၍ ဗုဒ္ဓခြေတော်ရာပြတိုက် (အလျား ပေ ၃၀ X အနံ ပေ ၂၀ X အမြင့် ၁၅ ပေရှိ) အား တည်ဆောက်ပူဇော်ထား ပါသည်။ အလှူရှင်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်၊ ပထမကျော်၊ အဂ္ဂမဟာအကျော်၊ အဋ္ဌကထာပြန်အကျော်၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာ၊ ပါဠိပါရဂူ၊ တိပိဋက ဩဝါဒါစရိယ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ စေတိယင်္ဂဏပဝရသီရိမဟာဓမ္မာဂုရု နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာဆရာတော်)နှင့် အလှူရှင်များ ၏ စုပေါင်းလှူဒါန်းမှုဖြစ်ပါသည်။