စေတီတော်မြတ်ကြီး၏ ထူးခြားသော အင်္ဂါရပ်များနှင့်အညီ မာလိနီမင်္ဂလာ ရေကန်တော်ကို ဝတ္တကမြေအတွင်း သာသနာ့မဟာဗိမာန်တော်ကြီး၏ တောင်ဘက် တွင် ရေကန်နှစ်ဆင့်ဖြင့် တည်ဆောက်ထားပါသည်။ အပြင်ကန်အချင်းမှာ ၃၆၀ ပေ ရှိပြီး အကျယ် ၈၀ ပေ X အနက် ၈ ပေ ရှိပါသည်။ အများဆုံး ရေအနက်မှာ ၄၃ လက်မ အထိ ရေသွင်းနိုင်ပါသည်။ အပြင်ကန်တွင် ခြင်္သေ့၊ ဆင်၊ မြင်း၊ နွား ခံတွင်းမှ ရေကျဟန် ထောင်မတ်တက်ပြီး ကွေးကျသည့်ရေပန်း၊ ညအချိန်တွင် ရောင်စုံမီးစလိုက်အမျိုးမျိုး နှင့်လိုက်ဖက်သည့် ဂီတသံစဉ်အမျိုးမျိုးကို ထည့်သွင်းထားပါသည်။ အတွင်းကန်တော် သည် အနက် ၁၁ ပေရှိပြီး အများဆုံးရေအနက်မှာ ၈ ပေအထိ ရေသွင်းနိုင်ပါသည်။ အတွင်းကန်တွင် ရေသတ္တဝါများကို ဘုရားဖူးပြည်သူများအနေဖြင့် အာယုဒါန ပေးလှူ ကြပါသည်။ မာလိနီမင်္ဂလာရေကန်တော်၏ အလယ်တွင် ၂၁ ပေ X ၂၁ ပေရှိ ရှင်ဥပဂုတ္တ ကျောင်းဆောင်ကို တည်ထားပြီး ကျောင်းဆောင်အတွင်း၌ ဉာဏ်တော်အမြင့် ၄ ပေ ၆ လက်မရှိသော ရှင်ဥပဂုတ္တ မထေရ်မြတ်အား သီတင်းသုံးပူဇော်ထားပါသည်။