ဥပ္ပါတသန္တိစေတီတော်ဘုရားရှိခိုး


” သိဒ္ဓမ်။ ဝန္ဒေ ဗုဒ္ဓဉ္စ ဥပ္ပါတ – သန္တီတိ စေတိယံ ဝရံ။”

 

” မောဒံ လဘန္တု ရာဇာနော၊ သုသုခံ စ သရဋ္ဌိကာ။”

သိဒ္ဓမ်

ကြံစည်တိုင်းပေါက် လိုတိုင်းရောက်၍ ပြီးမြောက် အောင်မြင် ပါစေသတည်း။

မယံ

ဥပ္ပါတသန္တိစေတီ မွေသရီကို ယုံကြည်ညွတ်တွား ကိုးကွယ်သွားဖို့ တရားအသိပေါ် ဘုရားတပည့်တော်တို့သည်။

ဗုဒ္ဓံစ

သစ္စာလေးရပ် တရားမြတ်ကို ပိုင်းဖြတ်ထင်ထင် သိမြင်ပေတတ် ဘုရားရှင်ကိုယ်တော်မြတ်ကိုလည်းကောင်း။

ဥပ္ပါတသန္တိတိ စေတိယံ ဝရံ စ

ရာဇဌာနီ မြန့်နေပြည်၌ ယုံကြည်ညွတ်တွား ကိုးကွယ်သွားဖို့ ကြိုးစားတည်ဖော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးကိုလည်းကောင်း။

ဝန္ဒေ = ဝန္ဒာမ

ဦးတနှိမ်နှိမ် ထူးမနိံဖြင့် ကြိမ်ကြိမ်ညွှတ်လျှိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ကြပါကုန်၏ ဘုရား။

ရာဇာနော

သာသနာရေး ဘာသာရေးအတွက် မနှေးဆောင်တည် သဒ္ဓါညီသည့် ဂုဏ်ရည်တင့်ဟပ် မင်းကောင်းမင်းမြတ်တို့သည် လည်းကောင်း။

သရဋ္ဌိကာ

စေတနာတူ သဒ္ဓါဖြူသည့် ပြည်သူပြည်သား လူအများတို့သည် လည်းကောင်း။

သုသုခံ

သဒ္ဓါရွှန်းဖိတ် မော်ကွန်းဟိတ်ကြောင့် ကိုယ်စိတ်နှစ်ဖြာ လိုဣစ္ဆာ နှင့် ပြည့်ကာ တင့်ဟပ် ချမ်းသာစစ် ချမ်းသာမြတ်ကိုလည်းကောင်း။

မောဒံ စ

ကြည်သာလျှမ်းတောက် အောင်ခန်းရောက်သဖြင့် ဝမ်းမြောက် သွင်ဆန်း စိတ်ရွှင်လန်းခြင်းကိုလည်းကောင်း။

လဘန္တု

မဟာပုည အဟုန်ရလျက် ပြည့်ဝစုံထွေ ရရှိနိုင်ကြပါစေကုန် သတည်း။

ဝဏ္ဏကျော်ထင် ဦးသူရ

(မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဓမ္မာစရိယသုံးဘွဲ့ရ၊ ကျော်လေးကျော်)
ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း)၊ သာသနာရေးဦးစီးဌာန
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန


Notice: ob_end_flush(): Failed to send buffer of zlib output compression (1) in /home/zcjxpszw/public_html/uppatasantipagoda.org.mm/wp-includes/functions.php on line 5471

Notice: ob_end_flush(): Failed to send buffer of zlib output compression (1) in /home/zcjxpszw/public_html/uppatasantipagoda.org.mm/wp-includes/functions.php on line 5471