နေပြည်တော်၊ မတ်-၁၃ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅)မှ ဗိုလ်လောင်းများသည် နေပြည်တော်ကောင်စီနယ်မြေရှိ ဉပ္ပါတသန္တိစေတီတော် မြတ်ကြီးနှင့် သူရဲကောင်းဗိမာန်(နေပြည်တော်)တို့သို့ ယနေ့တွင် သွားရောက် လေ့လာကြသည်။ ဦးစွာ လေ့လာရေးအဖွဲ့သည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ ရောက်ရှိကြ ပြီး စေတီတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်ပူဇော်ကြပြီး စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော် ကြည်ညိုကြသည်။ ထို့နောက် လေ့လာရေးအဖွဲ့သည် သူရဲကောင်းဗိမာန်(နေပြည်တော်)သို့ ရောက်ရှိကြပြီး…